ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ်(၁) ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများ ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်

ဒဂုံ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ်(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက် ၉ နာရီအချိန်က လက်တွေ့ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာရွှေပြည်မှ ကျန်းမာရေးအသိပညာများ ရှင်းလင်းဆွေးနွေးခြင်း၊ လက်‌တွေ့ကွင်းဆင်းပြသခြင်းနှင့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့်ပက်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ယင်နားစာအပါအဝင် မသန့်ရှင်းသောအစားအစာများအား စားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ ရေကိုကျိုချက်၍ သောက်သုံးရန်၊ လက်သန့်စင်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ရန်၊ ယင်လုံအိမ်သာများ သုံးစွဲရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ရောဂါလက္ခဏာများခံစားတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ အချိန်မှီပြသရန် နှိုးဆော်ထားသော ဗွီနိုင်းများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)