ဘိုကလေးမြို့နယ်တွင် သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေး စုဖွဲ့ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဘိုကလေး ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဘေးသင့်ပြည်သူများအား အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် လူအသင့်၊ ယာဉ်အသင့်၊ ပစ္စည်းအသင့် အနေအထားများဖြင့် စုဖွဲ့ထားရှိမှုအခြေအနေကို စုဖွဲ့ထားရှိသည့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ယနေ့နံနက်(၉)နာရီ အချိန်တွင် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သွားရောက်ကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များက မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းမှူး၊ ဦးထွန်းအောင် ဦးစီးသည့် စုဖွဲ့ထားရှိသော မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ စုဖွဲ့ထားရှိသောကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်များ၏ အခြေအနေများအား ကြည့်ရှုအားပေးခြင်းဖြစ်ကြောင်းနှင့် သဘာဝဘေးကျရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)