တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာတော်(၁၉)ပါးအား ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများလှူဒါန်း

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဆောင်ပြီး ဆရာတော်သံဃာတော် (၁၉)ပါးအား ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်‌ဆေးခြင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျန်းမာရေးစစ်‌ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မုံရွာမြို့ကန်သာယာကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေပြည်သူများများ ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးသယံဇာတပေါများစေရေးတို့အတွက် ကန်သာယာကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကန်ရှိရေပေါ်စင်တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း အ.ထ.က(ကရင်ချောင်း)၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျွန်းဘက်ကရင်ချောင်းကျေးရွာအုပ်စု၊ ကရင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ကရင်ချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်း စိန်ပန်းခန်းမတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြည်သာယာလှပစေရေး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီ ခွဲအချိန်က ညောင်ဦး-ကျောက်ပန်းတောင်း သွားကားလမ်းဘေး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးဝင်းအတွင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ကျွန်းလှမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

ကျွန်းလှမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ ကျွန်းလှ ဇူလိုင် ၁၈ မျိုးဝင်းညို ကျွန်းလှ

ကန့်ဘလူမြို့၌ ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

ကန့်ဘလူမြို့၌ ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက် ကန့်ဘလူ ဇူလိုင် ၁၈ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to