တာမွေမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဧည့်လမ်းညွှန်/ဧည့်လမ်းပြ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဧည့်လမ်းညွှန်/ဧည့်လမ်းပြမွမ်းမံ သင်တန်းဆင်းပွဲ အခမ်းအနားကို ပုဂံမြို့၊ မြင်းကပါကျေးရွာ မနုဟာဘုရား၊ ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန် ကကျင်းပခဲ့သည်။

စစ်ကိုင်းမြို့ ချင်းစု အ.လ.က (ခွဲ)တွင် ကလေးအလုပ်သမားပပျောက်ရေး ဟောပြေပွဲကျင်းပ

စစ်ကိုင်းမြို့ ချင်းစု အ.လ.က (ခွဲ)တွင် ကလေးအလုပ်သမားပပျောက်ရေး ဟောပြေပွဲကျင်းပ စစ်ကိုင်း ဇူလိုင် ၁၈ ခရိုင်(ပြန်/ဆက်)

ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် ယနေ့‌နံနက်ပိုင်းက  သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသည်ဟု ယူဆရသည့် ဆေးရုံတက်(သံသယ)လူနာ၏နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်(Abate)ဆေးခပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဝေါမြို့၌ (၇၇) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝေါမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြပွဲကျင်းပ

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်းပရာ ပြည်မြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၁ဦး တက်ရောက်သည်။

ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရွှေကြက်ယက်အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၄ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်းနှင့် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်းကို ယမန်​နေ့ ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

ရွှေကျင်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာ‌စောင် ပြသခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာ‌စောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ညောင်ဝိုင်းရပ်ကွက်အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရွှေဘိုမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ ရွှေဘို ဇူလိုင် ၁၈ ရွှေဘိုခရိုင်(ပြန်/ဆက်)
Subscribe to