ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားသို့တက်ရောက်

မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတုမျှတရေး၊ သစ်တောသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပဆောင်ရွက်လျက်ရှိပြီး၊ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တက္ကသိုလ် ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်းသို့ ငါးသားပေါက်ကောင်ရေတစ်သိန်းငါးမျိုး စိုက်ထည့်အခမ်းအနားသို့တက်ရောက်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ဘာသာစုံဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသူ မောင်ဖြိုးသိန်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အဖွဲ့ဝင်များ မြစ်ရေကြီးမှုနှင့် တာတမံများ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ​ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ဧရာဝတီဟင်္သာတ တစ်ဘက်ကမ်းတာ၊ တာမိုင်(၇၀/၀)မိုင် ဘဝိုင်းရေကင်းစခန်းသို့ရောက်ရှိပြီး မြစ်ရေကြီးမှု အခြေအနေနှင့်တာတမံများ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ရေကြည်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှုများ စစ်ဆေးကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့်ဌာနဆိုင်ရာ အကြီးအကဲများသည် ဇူလိုင်လ (၁၇) ရက်နေ့ နံနက် (၉) နာရီအတွင် ရေကြည်မြို့နယ်၊ ငဝန်မြစ်ကမ်းတစ်လျှောက် မြစ်ရေမြင့်တက်လာမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကွင်းလျားကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)ကွင်းလျားကျောင်းတွင် ဆရာ၊ ဆရာမများ ကျောင်းသူ/သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နေထိုင်ရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကျန်းမာရေးဂရုပြုနေထိုင်ရန်နှင့် ဆရာ၊ ဆရာမများမှ ကျောင်းလိုအပ်ချက်များ တင်ပြလာမှုအပေါ် ဆောင်ရွက်ပေးမည့်အရာများနှင့် လိုအပ်သည်များအား မှာကြားခဲ့ပြီး သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to