မုံရွာစီးပွားရေးတက္ကသိုလ်တွင် (၂၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မုံရွာစီးပွားရေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မုံရွာစီးပွားရေးတက္ကသိုလ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အုတ်ကန်တောရကျောင်းတိုက်ဆရာတော်နှင့် ပင့်သံဃာတော်အရှင်သူမြတ်များ၊ မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာမြင့်ထူးနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ်(၂၃) အခြေခံပညာမူလတန်းလွန်ကျောင်းတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၉)နာရီအချိန်က တက်နိုင်ထွန်းဆီစက်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်က မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ အခြေခံပညာဦးစီးဌာနမြို့နယ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။

မုံရွာတက္ကသိုလ်၌ မြန်မာအက အခြေခံသင်တန်း ဖွင့်လှစ်

မုံရွာတက္ကသိုလ်အနုပညာအသင်းက ကြီးမှူးပြီး မြန်မာအကဝါသနာပါသူ ရွက်ပုန်းသီးလေးများ ဖော်ထုတ်ပေးရန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အကပညာကို မြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ မုံရွာတက္ကသိုလ်ရဲ့ ပြုလုပ်တဲ့အခမ်းအနားတွေမှာ ကပြမယ့် မြန်မာအကအဖွဲ့များ အသင့်ရှိနေစေရန်နှင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေမှာ အကပြိုင်ပွဲဝင်သူများ တိုးပွားလာစေရန်တို့ရည်ရွယ်ပြီး မြန်မာအက အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၈ ရက်၊ နံနက် ၁၀ နာရီကကျင်းပသည်။ 

ကျိုက်လတ်၌ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း (၄)ဖြတ်လမ်းထိပ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်ရေဝင်ကျေးရွာများအား တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျွဲနွားအစာအိတ်ဖြန့်ဝေမှုအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်ရေဝင်ကျေးရွာများအား တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျွဲနွားအစာအိတ် (၁၇၅)အိတ် ဖြန့်ဝေမှုအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာကျေးရွာတွင် ရေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မွှန်းညောင်သာကျေးရွာမှ ဧရာဝတီမြစ်ရေဝင်ရောက်၍ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျေးရွာရှိ ရေဘေးရှောင်စခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ် (၂၃)လုံးတို့အား ဘေးလွတ်ရာသို့ပြောင်းရွေ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ယမန်နေ့မွန်းလွဲ ၄ နာရီက ဘဝိုင်းကျေးရွာအုပ်စု၊ လက်ပန်တန်းကျေးရွာတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ရေနစ်မြုပ်သည့် နေအိမ်(၂၃)လုံးတို့အား တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ​ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ရိုးရာခြင်းလုံးကစားနည်းသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့စု (၃၀) နှင့် ယာဉ်ထိန်းတပ်ဖွဲ့စု (၁၂၁) တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ရိုးရာခြင်းလုံးကစားနည်းသရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။
Subscribe to