ငါးသိုင်းချောင်းမြို့၊ တောင်ဝှေးထောက်ကျေးရွာတွင် သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်(၃)လုံးပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ သရက်ချောင်းအုပ်စု၊ တောင်ဝှေးထောက်ကျေးရွာတွင် ယမန်နေ့ညနေ(၂)နာရီ အချိန်ကရေကြီးမှုကြောင့် မြေသားနူးကာလုံးပတ် (၂၁)ပေခန့်ရှိ ကုက္ကိုလ်ပင်ပြိုလဲကျမှုကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။