ငါးသိုင်းချောင်းမြို့၊ တောင်ဝှေးထောက်ကျေးရွာတွင် သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်(၃)လုံးပျက်စီး

ငါးသိုင်းချောင်း ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ သရက်ချောင်းအုပ်စု၊ တောင်ဝှေးထောက်ကျေးရွာတွင် ယမန်နေ့ညနေ(၂)နာရီ အချိန်ကရေကြီးမှုကြောင့် မြေသားနူးကာလုံးပတ် (၂၁)ပေခန့်ရှိ ကုက္ကိုလ်ပင်ပြိုလဲကျမှုကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ရွာသားများက အဆိုပါနေအိမ်များရှိ အိမ်ထောင်စုဝင်များအား ဝိုင်းဝန်းကူညီပြီး နီးစပ်ရာဆွေမျိုးသားချင်းများ၏ အိမ်ခြံအလွတ်များအတွင်း ယာယီပြောင်းရွှေ့နေရာချထားကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် စုစုပေါင်းနေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ပြီး လူအသက်အန္တရာယ်နှင့် အခြားထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)