မအူပင်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ယနေ့နံနက်(၉)နာရီက အမှတ်(၃)ရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ နယ်မြေမီးသတ်စခန်းရုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ပြုလုပ်သည်။