ရန်ကုန် ဇူလိုင် ၂၈
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အင်းစိန်)၊ စာပေဥယျာဉ်(Book Club) အသင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မိုးရာသီ ဝါတွင်းကာလတွင် ဝါဆိုဦး စာဖတ် ဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားပြီး စာပေဥယျာဉ်(Book Club) အသင်း နာယက ဆရာကြီး ရန်နောင်(ပညာရေး)နှင့် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ တော်မြင့်(ငှက်ဖျား)တို့က အမှာစကား အသီးသီးပြောကြားပြီးနောက် မြို့နယ်စာပေဥယျာဉ်(Book Club) အသင်းနှင့် မြို့နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က မိုးရာသီ ဝါတွင်းကာလတွင် ဗုဒ္ဓစာပေများ ပြန့်ပွား ထွန်းကားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ယခုလို ဝါဆိုဦး စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာ အသင်းဝင်များဖြစ်ကြသည့် ဝင်းနွယ် (ပုသိမ်)က “သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွတ်သံချို လဝါဆိုနှင့် ဇမ္ဗူသပြေပင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ခင်ခင်လှ(အင်းစိန်)က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းဖြင့် “အပါယ် မရောက် လူ(၇)ယောက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လှလှမြင့်(ပိန္နဲကုန်းစာကြည့်တိုက်)က “နိဗ္ဗာန် ရည်မှန်း ဝါဆိုပန်း”များ အကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဘာသာရေး ဗဟုသုတ ဖွယ်ရာများကို စိတ်ဝင်စားဖွယ် ဆွေးနွေးဟောပြောသွားကြပြီး တက်ရောက်လာကြသော သက်လှိုင် မျိုး(စက်မှုတက္ကသိုလ်)၊စိန်ညိုမင်း(ထန်းတပင်)၊ရွှေဘုတ်(အင်းစိန်)နှင့် အရာခံဗိုလ် သစ်လွင်တို့က သိလိုသည်များကို မေးမြန်းဆွေးနွေး အမြင်ချင်းဖလှယ်ကြ၍ စာပေဥယျာဉ်(Book Club) အသင်း နာယက ဆရာကြီး ဦးသက်တင်(မောင်သာတင့်)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အသင်းဒုတိယ ဥက္ကဌ မောင်မောင်ဝင်းမြင့်(မှုခင်း)က နိဂုံးချုပ်စကားပြောကြားပြီး ဦးဆောင်ဆွေးနွေး သူများကို တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)