ကျောက်တန်းမြို့နယ်၊ ချောင်း၀ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု လွှဲပြောင်းပေးအပ်

ကျောက်တန်း ဇူလိုင်  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ချောင်း၀ကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဏ) အတိုး ရငွေဖြင့်ကျေး ရွာအလယ်သောက်သုံးရေကန် ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း ဆောင် ရွက်ပြီးစီးမှု စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်းကို  ဇူလိုင် ၂၇  ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ယင်းသို့ လွှဲပြောင်းပေးရာတွင် ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်၀င်းနှင့် ၀န်ထမ်းများ၊ ချောင်း၀ကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ)ကော်မတီအဖွဲ့ တာ၀န်ရှိသူများက ဆောင်ရွက်ပြီးစီးခဲ့သည့်ကျေးရွာအလယ်သောက်သုံးရေကန်အား အမြင့် ၅ပေ ရေကန်ပတ်ပတ်လည် ပေ ၇၇၀ အားခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ကျေးရွာတာ၀န်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ယခု ဆောင်ရွက်ပြီးစီး၍ လွှဲပြောင်းပေးအပ်ခဲ့သည့် ချောင်းဝကျေးရွာ အလယ် သောက်သုံးရေကန် ခြံစည်းရိုးကာရန်ခြင်းကို  မြစိမ်းရောင် (ငါးကဏ္ဍ) အတိုးရငွေ ကျပ် သိန်း တစ်ရာ့သုံးဆယ်ဖြင့်  ၂၀၂၄ ခုနှစ်၊ မေလ လယ်မှစ၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)