ဒေးဒရဲမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲမှုအား အချိန်မီရှင်းလင်းဖယ်ရှား

ဒေးဒရဲ   ဇူလိုင်   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊   အမှတ်(၂)ရပ်ကွက်၊ ရုံးကြီးကွက်သစ်၊ မေတ္တာလမ်းတွင် ယနေ့ ဇူလိုင်လ (၂၇) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲခန့်က မိုးသည် းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် လုံးပတ်(၂)ပေ၊ အမြင့် (၂၀)ပေရှိ ကုက္ကိုပင်မှာ မြေသားအိ၍ လဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်လဲကျမှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှု ဦးမြတ်သူထိုက်နှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အများပြည်သူ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အချိန်မီ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရပြီး၊ အဆိုပါသစ်ပင်ပြိုလဲမှုကြောင့် လူနှင့်တရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။

အေဇာလင်း