မိုင်းခတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့မဈေးအတွင်း ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နေ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေး (ဖုံး၊ သွန်၊ လဲ၊ ခပ်၊ စစ်) လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းများနှင့် ခြင်‌ဆေးဖြန်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့မဈေးအတွင်း ခြင်‌ဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ချောင်းရေကြီးမှုကြောင့် တံတားအချို့နှင့် အုတ်နံရံများ ပျက်စီးမှု​ဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ပလွေးချောင်းရေမြင့်တက်လာပြီး ကျေးရွာအချို့တွင် တံတားနှင့် အုတ်နံရံများ ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ပုဗ္ဗသီရိမြို့တွင် တာဝန်ရှိသူများမှ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ (၃)နာရီတွင် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲကျေးရွာရှိ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်   ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာနှင့် ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က - ၁၄ သို့  သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု ရက်တိုသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန် (၃၈) ဖြာမင်္ဂလာတရားတော်နှင့်အညီ နေထိုင်ပြုမှုတတ်စေရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုရက်တိုသင်တန်းကို ဇူလိုင်၂၉ ရက်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ခဲ့သည်။

ကျောင်းကုန်းမြို့ရှိ ယာယီရေဘေးရှောင်များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေကြီးမြင့်လာမှုကြောင့် ရေဝင်နစ်မြုပ်သွားသော အိမ်ထောင်စုများ၏ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသော ယာယီရေဘေးရှောင်စခန်းများသို့ ယမန်နေ့က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများ သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတိုင်းဒေသကြီးအဆင့် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၊ မုံရွာခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဖျာပုံခရိုင်ရုံး (Community Centre) ခန်းမ၌ Power Point အသုံး​ပြုနည်း သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ Power Point အသုံး​ပြု၍ ရုံးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ " Power Point" အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။
Subscribe to