ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ပြည်သူလူထုသို့တိုက်ရိုက် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်တွင် မင်းစုအခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ

ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာ ဗဟုသုတ ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက် ၁၀ နာရီက မင်းစုအခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ငါးရက်ခန့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ ရေများပြန်လည်ကျဆင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငါးရက်ခန့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်မခမြစ်ရေ မြင့်တက်လာခြင်းကြောင့် လယ်ယာမြေ ၁၈၃၉၇ ဧက ရေနစ်မြုပ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်မခမြစ်ရေမြင့်တက်လာခြင်း‌ကြောင့် ဇူလိုင်လ ၃၀ ရက်နေ့အထိ လယ်ယာ မြေ ၁၈၃၉၇ ဧက ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ကျောင်းသားလူငယ်များ ဒေသန္တရ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ကျောင်းသားလူငယ်များ ဒေသန္တရ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်များကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

ယာယီရေဘေးရှောင်စခန်းများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကူညီထောက်ပံ့

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအားထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခရေဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၇ ရက်နေ့က တက်ဆွဲကျေးရွာနှင့် မှက္ကဒန်ကျေးရွာရှိ လူနေအိမ်(၇)လုံးမျောပါသွားမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ထောက်ပံငွေပေးအပ်ခြင်းကို မြို့တော်ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့သည်။

အထက်ပိုင်ကျုံလမ်းမပေါ်၌ နုန်းမြေတင်ကျန်ခဲ့သည့် နေရာများအား  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် နုန်းမြေတင်ကျန်ခဲ့သည့် ပိုင်ကျုံမြို့ အမှတ်(၅) ရပ်ကွက် (အထက်ပိုင်ကျုံ)လမ်းအား မြို့အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်သူ/သားများ စုပေါင်းကာ ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
Subscribe to