ကျောင်းကုန်းမြို့ရှိ ယာယီရေဘေးရှောင်များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကျောင်းကုန်း ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေကြီးမြင့်လာမှုကြောင့် ရေဝင်နစ်မြုပ်သွားသော အိမ်ထောင်စုများ၏ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသော ယာယီရေဘေးရှောင်စခန်းများသို့ ယမန်နေ့က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများ သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

အဆိုပါ ရေဘေးရှောင်စခန်း(၁၃)ခုရှိ အိမ်‌ထောင်စု(၁၅၄)စု၊ လူဦးရေ(၁၃၃၈)ဦးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ဆီ(၂၅)ကျပ်သားစီ၊ လူတစ်ဦးလျှင် မာမားခေါက်ဆွဲခြောက် (၁)ထုပ်စီ၊ စခန်း(၁)ခုလျှင် ရေသန့်(၂၄)ဘူးပါ(၂)ကတ်စီ၊ ကလေးသူငယ်များအတွက် တစ်ဦးလျှင် အာဟာရဖြည့်ခေါက်ဆွဲခြောက်(၁၃၃၈)ထုပ်ရေသန့်(၂၆)ကတ်၊ အာဟာရဖြည့်မှုန့် (၄၂၀)ထုပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)