ပဲခူးမြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၅၀) ယာယီပိတ်ထားရ

ပဲခူးမြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅၀) ကျောင်းကို ယနေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပခုက္ကူမြို့နယ်တွင် တစ်ရက်အတွင်း ဧရာဝတီမြစ်ရေ ၂ စင်တီမီတာခန့် ပြောင်းလဲမြင့်တက်လာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအောက် ၃၄ စင်တီမီတာရှိသော်လည်း တစ်ရက်အတွင်း ၂ စင်တီမီတာခန့် ပြောင်းလဲမြင့်တက်လာကြောင်း သိရသည်။

မိုင်းတုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၂ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊‌ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ

ကျောက်တလုံးကြီးမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ ကျောက်တလုံးကြီး ဇူလိုင် ၃၀ ဇော်နိုင်လင်း

တောင်ငူမြို့၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း​အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။

ပခုက္ကူကုန်သည်ပွဲစားများအသင်း၌ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်သည်ပွဲစားများအသင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ကစတင်ပြီး ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

လွိုင်လင်မြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက လွိုင်လင်မြို့ အ.ထ.က(၁)တွင် ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါပွဲတော်သို့ လွိုင်လင်ခရိုင်တပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများ၊ အ.ထ.က(၁)လွိုင်လင်မှ ဘင်ခရာအဖွဲ့များ တက်ရောက်ကြသည်။
Subscribe to