စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတိုင်းဒေသကြီးအဆင့် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၊ မုံရွာခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ရဟန်းပညာရှိ၊ လူပညာရှိ၊ စာဆိုအကျော်အမော်များ ထွက်ရှိရာဒေသဖြစ်သကဲ့သို့ ယဉ်ကျေးမှုအနှစ် သာရများထွန်းကားခဲ့ပြီး စာဆိုအနုပညာရှင်များထွက်ပေါ်ရာ ရေခံမြေခံကောင်းသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် မီးခဲပြာဖုံးဝါသနာရှင်များ၊ အခြေခံပညာကျောင်းသား/သူများ၊ အဆင့်မြင့်ကျောင်းများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာနေပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် ရှာ‌ဖွေရွေးချယ်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း ပြည်ပအဖျက်သမားများ၏ အကောက်ကြံဝါဒဖြန့်မှုများနှင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးပျောက်ကွယ်သွားစေရန် လုပ်ဆောင်ချက်များအား တစ်မျိုးသားလုံးမှ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သွားကြရမည်ဖြစ်ပါကြောင်း၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဘာသာရပ်အဆင့်ဆင့်ပြိုင်ပွဲများ တွင်အရည်အချင်းရှိရှိ အဆင့်အတန်းမြင့်မြင့် သမာသမတ်ကျကျဖြင့် ဘာသာရပ်များအားလေ့ ကျင့်မှုအားကောင်းစွာဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြရန်လိုအပ်ပါကြောင်း၊ အနုပညာရှင်ကြီးများမှလည်း မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအမွေအနှစ်များ ပေးသွားကြ ရန်လိုအပ်ပါကြောင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ဦးတည်ချက်များအား ထမြောက်အောင်မြင်အောင် တာဝန်ပေးအပ်ထားရှိသည့် ကော်မတီဝင်များမှ လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ဖိတ်ကြား/ကြိုဆို/နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လည်းကောင်း၊ ပို့ဆောင်ရေးကော်မတီ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ လည်းကောင်း၊ ပြန်ကြားရေးသတင်းကော်မတီ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လည်းကောင်း၊ လုံခြုံရေးကော်မတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လည်းကောင်း၊ ကျန်းမာရေးကော်မတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လည်းကောင်း၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ လည်းကောင်း၊ ဆုချီးမြှင့်ရေးကော်မတီ တိုင်းဒေသကြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လည်းကောင်း၊ အကဲဖြတ်လုပ်ငန်းကော်မတီ တိုင်းဒေသကြီး စစ်ကိုင်းခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ လည်းကောင်း၊ ပြိုင်ပွဲဝင်စီစစ်ရေးကော်မတီ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လည်းကောင်း တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ  တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မိမိတို့ခရိုင်များအတွင်း မှဝင်ရောက်ယှဉ်ပြိုင်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ အနုပညာရှင်ကြီးများမှ ပြိုင်ပွဲများတွင်ဘာသာရပ်အလိုက် ဝင်ရောက်ယဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင်များက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီး အဆင့်ကျင်းပရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)