ဖျာပုံ ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ Power Point အသုံးပြု၍ ရုံးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ " Power Point" အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ "Power Point" အသုံးပြုနည်းသင်တန်းတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက Power Point အသုံးပြုနည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမင်းမာန်က Power Point အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော Power Point ပြုလုပ်ပုံ အဆင့်ဆင့်အား အသေးစိတ် လက်တွေ့ သင်ကြားပေးရာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဖျာပုံ၊ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များနှင့် အမာမြို့ရုံးတို့မှ စာရေးဝန်ထမ်းများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)