လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု ရက်တိုသင်တန်း ဖွင့်လှစ်

လှိုင် ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန် (၃၈) ဖြာမင်္ဂလာတရားတော်နှင့်အညီ နေထိုင်ပြုမှုတတ်စေရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုရက်တိုသင်တန်းကို ဇူလိုင်၂၉ ရက်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို စစ်ကိုင်းမင်းကွန်းတောင်ရိုး သာသနာပြုဇေတဝန်ကျောင်းဆရာတော်က ဘုရား၊ တရား၊ သံဃာဂုဏ်တော်၊ ငါးပါးသီလတည်ဆောက်ပုံနှင့် ငါးပါးသီလကဗျာများ၊ ဒုစရိုက်(၁၀)ပါး၊ ယဉ်ကျေးမှု၊ ဗုဒ္ဓဝင်အကျဉ်း၊ မဟာဇနကဇာတ်၊ ယဉ်ကျေးလိမ္မာဆုံးမစာ သံပေါက်ကဗျာများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

ယမင်း (ပြန်/ဆက်)