ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့
ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ မြစ်ရေ ချောင်းရေများမြင့်တက်လာသည့်အတွက် ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အနိမ့်ပိုင်းလူနေရပ်ကွက်/ကျေးရွာများအတွင်း ရေများဝင်ရောက်၍ ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်အတွင်း ရှိရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။