ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်လတ် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျုံသိကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးအတွက် အားလပ်သည့်အချိန်များတွင် စာအုပ်စာ‌ပေများကို လေ့လာကြရမည်ဖြစ်ကြောင်း၊ ပညာလိုအိုသည်မရှိ ဆိုသည့်အတိုင်း ပညာတတ်မြောက်မှသာ အမှားအမှန်ဝေဖန်နိုင်မည်ဖြစ်ကြောင်း၊ စာကိုကြိုးစားသင်ယူ သင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန် အခြားသော ပြင်ပဗဟုသုတများကိုလည်း ရှာဖွေသင့်ကြောင်း၊ စာအုပ်စာပေများသည် မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတ များစွာရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်စသည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ “အသိပညာပေးဟောပြောပွဲ”သို့  ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

လှိုင်မင်းအောင်