နေပြည်တာ် ဩဂုတ် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်းက အဖွင့်အမှာစကားပြောကြားပြီး ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံကိန်းဦးစီးမှူး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်မီးသတ်ဦးစီးမှူး၊ လုံခြုံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနမှူး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်သစ်တောဦးစီးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် ဇေယျာသီရိမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ရာ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)