မင်းဘူး ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီးကုန်းတန်းရပ်၊ (၂)လမ်းတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၅)ပေခန့်နှင့် အမြင့်(၂၅)ပေခန့်ရှိ ကုက္ကိုပင်တစ်ပင် နေအိမ်သွပ်မိုးနှင့် လမ်းမီးကြိုးများပေါ်သို့ သစ်ကိုင်းများကျိုးကျနေကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် မြို့နယ်မီးသတ်စခန်းမှ ဒုမြို့နယ်ဦးစီးမှုးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက နေအိမ်သွပ်မိုးများ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လမ်းမီးကြိုးများ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်ရေး၊ အချိန်မီမီးလင်းနိုင်ရေးတို့အတွက် ဝိုင်းဝန်းရှင်းလင်းဖယ်ရှားခြင်းများဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကုက္ကိုပင်သစ်ကိုင်းကျိုးကျခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများမှလိုအပ်သော ကူညီစောင့်ရှောက်မူများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)