မော်လိုက် ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ တောင်သူလယ်သမားများ လယ်စိုက်ပျိုး ရာတွင် အဆင်ပြေကြစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူရရှိသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder )ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဂိုဒေါင်ရှေ့တွင် ကျင်းပပြုလုပ်သည်၊၊
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က လက်ဆွဲမျိုးစေ့ချ ကိရိယာသုံးစွဲရခြင်း၏ ကောင်းကျိုးများ၊ လက်ဆွဲမျိုးစေ့ချ ကိရိယာပေးအပ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်၊၊ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ဆွဲမျိုးစေ့ချကိရိယာ အလက်(၈၀)လက်တို့ကို မော်လိုက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)