ငွေဆောင်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ငွေဆောင် သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယမန်နေ့ နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦး၏ ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေး ရုံးဝန်ထမ်းမိသားစုများမှ ငွေဆောင်မြို့၊ အမှတ်() ရပ်ကွက်၊ မရမ်းကုန်း သီလရက္ခိတကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဉူးကေလာသနှင့် သံဃာတော်() ပါးအား ပင့်ဖိတ်၍   ဝါဆိုသင်္ကန်း၊ ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့စည်ပင်သာယာရေး ရုံးဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ မြို့ဌာနဆိုင်ရာများ ၊ မြို့ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရှေးဉီးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆိုပူဇော်ကာ ဆရာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့​​​ကြပြီး ဆရာတော်ကြီးများမှ မေတ္တာသုတ် တရားတော်နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးတရားတော်အား ဟောကြားတော် မူခဲ့သည်။ တရားနာယူအပြီးတွင် ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ လှူဖွယ်ဝတ္ထုအစုစုအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာကြသူများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။ ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံး ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် နံနက်(၁၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဆောင်(ပြန်/ဆက်)