ပိုင်ကျုံ သြဂုတ် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေကြီးနိပ့်မြုပ်သည့် ရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများတို့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှု ရေကြီးနိပ့်မြုပ်သည့် ရပ်ကွက်/ကျေးရွာများရှိ ရေတွင်းများအား ရေပြန်ကျသည့်အချိန်တွင် ပြည်သူများအနေဖြင့် သန့်ရှင်းသည့်သောက်သုံးရေ ပြန်လည်အသုံးပြုနိုင်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ရေကြီးနိမ့်မြုပ်ပြီး ကလိုရင်းဆေးခတ်ရန် ကျန်ရှိသည့်ကျေးရွာများသို့ သက်ဆိုင်ရာတာဝန်ရှိသူများတို့နှင်ပူးပေါင်း၍ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)