စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် VDP စီမံကိန်း လုပ်ငန်း(၁၀) ခု ဆောင်ရွက်မည်

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ခုနှစ် VDP စီမံကိန်းလုပ်ငန်း (၁၀)ခုအား  ကျေးလက်နေပြည်သူများ  လူမှုဘဝဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ဆောင်ရွက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။

အုတ်တွင်းမြို့နယ်၌ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာတစ်ချို့ ရေဝင်ရောက်မှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် သြဂုတ်၂ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်ပြီး စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ခေါင်းရမ်းကျေးရွာအုပ်စုရှိ ခေါင်းရမ်းကျေးရွာ၊ မြင်းစုကျေးရွာ၊ အောင်းကြီးကျေးရွာတို့တွင် (၁)ပေခွဲခန့်၊ ဝါးတီး ကျေးရွာအုပ်စုရှိ ဝါးတီးကျေးရွာ၊ ချောင်းနားကျေးရွာ၊ ဘန့်ဘွေးပင်ကျေးရွာတို့တွင် ( ၁) ပေခွဲခန့်၊ သာဂရကျေးရွာအုပ်စုရှိ ကုလားရွာကျေးရွာတွင် ( ၁) ပေခန့်၊ ကျွဲပွဲ မြို့အမှတ်( ၅) ရပ်ကွက် ဗျက်ကလေးပိုင်းတွင် (၁) ပေခန့်နှင့် ဇီးဖြူသောင်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာအတွင်း (၁) ပေခွဲခန့် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မှော်ဘီမြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်း ဖူလုံစွာ တင်သွင်းနိုင်ရေး တင်သွင်းနိုင်မည့် ပမာဏများ လျာထားချက်နှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေး ဆီလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်နယ်အတွက် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် အမှန်တကယ် တင်သွင်းနိုင်မည့် စက်သုံးဆီပမာဏ လျာထားချက်နှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေး ပြည်နယ်စက်သုံးဆီတင်သွင်းဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် စက်သုံးဆီ လုပ်ငန်းရှင်များ၊ ဆီဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မြိတ်မြို့တွင် ဂျင်းခရုသုတေသနလုပ်ငန်း၏ ရလဒ်များအရ ဂျင်းသားပေါက်ကုန်းများအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်  ထိန်းသိမ်းမည့်ဧရိယာ၊ ထိန်းသိမ်းမည့်ကာလ သတ်မှတ်ထုတ်ပြန်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဂျင်းခရုသုတေသနလုပ်ငန်း၏ ရလဒ်များအရ ဂျင်းသားပေါက်ကုန်းများအား ထိန်းသိမ်းစောင့် ရှောက်ရန်အတွက်  ထိန်းသိမ်းမည့်ဧရိယာ၊ ထိန်းသိမ်းမည့်ကာလ သတ်မှတ်ထုတ်ပြန်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်(၁၁၀)ဧကနှင့် အခြားသီးနှံ စိုက်(၂၃)ဧကအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် (၁၁၀)ဧကနှင့် အခြားသီးနှံစိုက် (၂၃) ဧကအတွက် ကုန်းရွာကျေးရွာအတွင်းရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ်(၂)ရက်နေ့ နေ့လယ်ပိုင်းက အ.ထ.က(၁)မြိတ်၊ ပညာ့ဗိမာန်ခန်းမတွင် အခြေခံကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံခဲ့ရာ အထက(၁) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။

မြိတ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁ဝ)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးကြိုပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံတောင်သူများ ဝင်ငွေတိုးပွားစေရန် အားထားစိုက်ပျိုးသည့် မိုးကြိုပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to