မှော်ဘီ ဩဂုတ် ၃
မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာ မှော်ဘီမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပ ရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်စုံကျော်နှင့် တာဝန်ရှိသူအလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ မှော်ဘီခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ)ဥက္ကဋ္ဌ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင်(၂) ဦးဝင်းစိုး၊ မှော်ဘီမြို့နယ် (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ပြီး မြိုနယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို "ဗုဒ္ဓဿသံနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
ဝင်းဇော်(မှော်ဘီ)