မိုးနဲမြို့နယ်၌ စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဆီပဲပုပ်မျိုးစေ့များ ဆက်လက်ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ်တွင် စားသုံးဆီ ဖူလုံရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆီထွက်သီနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဆီပဲပုပ်မျိုးစေ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်လင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ ၊စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆီထွက်သီးနှံစိုက်ပျိုး မည့်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။