စလင်း သြဂုတ် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် VDP စီမံကိန်းလုပ်ငန်း (၁၀)ခုအား ကျေးလက်နေပြည်သူများ လူမှုဘဝဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သွားလာမှု လွယ်ကူစေရန်နှင့် လူနေမှုဘဝများ ဖွံဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန် နှစ်စဥ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဖော်ဆောင်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် VDP စီမံကိန်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖြစ် ကျေးရွာ(၁၀)ရွာအား ဆောင်ရွက်မည်ဖြစ်ရာ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ရှမ်းစုကျေးရွာနှင့် ဝက်သိုက်ကျေးရွာခြင်းဆက်လမ်း၊ ဝက်သိုက်ကျေးရွာနှင့် တဲကုန်းကျေးရွာလမ်း၊ ပျိုးခင်းကုန်းကျေးရွာနှင့် စဥ့်တုကန်ကျေးရွာလမ်း၊ အရှေ့ကန်ဘောင်ကျေးရွာအုပ်စု၊ အရှေ့ကန်ဘောင်ကျေးရွာလမ်း၊ ရွှေဘုံသာကျေးရွာနှင့် ဂုံကုန်ကျေးရွာခြင်းဆက်လမ်း၊ တောစိမ့်ကျေးရွာနှင့် လက်ပကန်ကျေးရွာလမ်း၊ ရေကြည်ကျေးရွာနှင့် မကျီးကုန်းကျေးရွာလမ်းများအား မြေနီကျောက်စရစ်ခင်းခြင်း၊ သနပ်ကုန်းငွေသောင် ကျေးရွာခြင်းဆက်လမ်းကွန်ကရစ်ခင်းခြင်း၊ ဒါးဆွယ်ကန်ကျေးရွာနှင့် ကံဆွယ်လေးလမ်းကွန်ကရစ်ခင်းခြင်း၊ အရှေ့ချောင်းဖြူကျေးရွာအုပ်စု၊ အရှေ့ချောင်းဖြူကျေးရွာ
မြေထိန်းနံရံဆောင်ရွက်ခြင်း လုပ်ငန်းများကို ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း