အုတ်တွင်းမြို့နယ်၌ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာတစ်ချို့ ရေဝင်ရောက်မှု ဖြစ်ပွား

အုတ်တွင်း သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် သြဂုတ်၂ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်ပြီး စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ခေါင်းရမ်းကျေးရွာအုပ်စုရှိ ခေါင်းရမ်းကျေးရွာ၊ မြင်းစုကျေးရွာ၊ အောင်းကြီးကျေးရွာတို့တွင် ()ပေခွဲခန့်၊ ဝါးတီး ကျေးရွာအုပ်စုရှိ ဝါးတီးကျေးရွာ၊ ချောင်းနားကျေးရွာ၊ ဘန့်ဘွေးပင်ကျေးရွာတို့တွင် ( ) ပေခွဲခန့်၊ သာဂရကျေးရွာအုပ်စုရှိ ကုလားရွာကျေးရွာတွင် ( ) ပေခန့်၊ ကျွဲပွဲ မြို့အမှတ်( ) ရပ်ကွက် ဗျက်ကလေးပိုင်းတွင် () ပေခန့်နှင့် ဇီးဖြူသောင်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာအတွင်း () ပေခွဲခန့် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦးနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများနှင့်အတူ လိုက်လံစစ်ဆေးပြီး လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ စီမံဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိပါကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကြေးနန်းအရ သိရသည်။

မြို့နယ်(ပြန်/ဆက်)