ကလော မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကလောချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းများ တားဆီးကာကွယ်ရန် ရည်ရွယ်၍ တစ်ခါသုံးပလတ် စတစ်ပစ္စည်းများသုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလမင်းသန်းက တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလတ်စတစ်နှင့်စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေး၊ စနစ်တကျခွဲခြားစွန့်ပစ်ရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများသုံးစွဲမှုလျှော့ချရေး၊ ပလတ်စတစ်ညစ်ညမ်းမှုနှင့် စီမံခန့်ခွဲရန်နည်းလမ်းများခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် Recycle Bag များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)