တမူးမြို့၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား မဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။