မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့) တတိယနေသင်ကြား

မှော်ဘီ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာကြည့်တိုက်ကို အကျွမ်းဝင်ချစ်ခင်၍ ဝင်ထွက်သွားလာကာ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း တတိယနေ့ ယနေ့ နံနက် ၉ နာရီ အချိန်မှ ၁၁ နာရီထိ သင်ကြားခဲ့သည်။

အခြေခံအင်္ဂလိပ်စာသင်တန်း တတိယနေ့၌ သင်တန်းနည်းပြဆရာ "ကမ္ဗောဇ" အင်္ဂလိပ်စကားပြောသင်တန်း နည်းပြဆရာဦးမျိုးမင်း (ဆရာကော)က သင်တန်းတွင် အခြေခံ Grammarများ၊ အခြေခံအင်္ဂလိပ်ဝါကျရေးနည်းများစသည်တို့ကို တတိယနေ့အဖြစ် သင်ကြားပြသပေးခဲ့သည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းသို့ မှော်ဘီမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအချိန်ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူလူငယ်များအား သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် မည်သူမဆို လာရောက်ပညာလေ့လာဆည်းပူးနိုင်ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)