ကြံခင်း မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေပန်းတောအုပ်စု၊ ဝဲကြီးကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာအား ယနေ့ မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။
အဆိုပါ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်၊ မြို့နယ်ပြန်ကြားရးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် တာဝန်ရှိသူများက ဝဲကြီးကျေးရွာရှိ စာကြည့်တိုက်ကော်မတီအဖွဲ့များဖြင့် တွေဆုံပြီး ဆောက်လုပ်မည့် မြေအကျယ်အဝန်း၊ မြေရာဇဝင်တို့အား မေးမြန်းကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)