ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်း ရေဝင်ရောက်ရှိ၍ ခေတ္တယာယီစျေးပြောင်းရွှေ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်းရေဝင်ရောက်ရှိ၍ ခေတ္တယာယီစျေးပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်း၊‌ သောက်သုံးရေများတွင် ရေသန့်စင်ဆေးပြားခတ်ပေးခြင်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ၀န်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများ စသည့် ပြည်သူများစုဝေးရာနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်မြို့အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုများအား နီးစပ်ရာဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့ထားရှိ

ပြည်မြို့အတွင်း ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်(၁)နာရီအချိန်ခန့်အထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ နဝင်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာအုပ်စု၊ ဇလုံကျေးရွာအုပ်စု၊ အနောက်လက္ခုပ္ပင်ကျေးရွာအုပ်စု၊ ငါးရွာကျေးရွာအုပ်စုများရှိ နေအိမ်များသို့ မြစ်ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲကျင်းပ ဟိုပုံး ဇူလိုင် ၁၈ ပအိုဝ်းဒေသ (ပြန်/ဆက်)

တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြွန်တန်ဆာမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ကကျင်းပရာ မုခ်ဦးရှေ့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးမျိုးဝင်းအောင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး  ဦးလှမျိုးအောင်၊ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

မောက်မယ်မြို့နယ်၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းရှိ အသက် ၅ နှစ်အထက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လမ်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက် ၉ နာရီခွဲမှစ၍ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက အ.ထ.က(ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သည်။

မောက်မယ်မြို့နယ်၌ နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း(ကဒူးလေး)နှင့် နေ့လယ်(၂)နာရီတွင် အခြေခံပညာမူလတန်းကျောင်း (နမ့်လွတ်)၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to