ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ဘီးလင်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျောက်ရေတွင်းကျေးရွာ ကွင်းအမှတ် (၂၆၉-က) တောင်သူဦးကျော်ဇင်လတ်၏ လယ်ကွင်း၌ ပြုလုပ်ခဲ့သည်။

မန္တလေးတက္ကသိုလ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတက္ကသိုလ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ည‌နေပိုင်းက အင်းဝ(၉)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ် ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ပညာရေးမိသားစုများမှစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘီးလင်းမြို့နယ်၊ အ.ထ.က (ဘီးလင်း) ကျောင်းပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ငါ့သရောက်မြို့ အ.ထ.က (ခွဲ) ဆည်ကျေးရွာတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ အ.ထ.က(ခွဲ) ဆည်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံမှတာဝန်ရှိသူများမှ ယမန်နေ့ မွန်းလွဲ (၁) နာရီက 1G1-11 ဟိုတယ် အစည်းခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်းစီမံကိန်းများ လည်ပတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်းစီမံကိန်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်သို့ လေကြောင်းခရီးဖြင့် ‌ရောက်ရှိခဲ့ကြကာ ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မင်းလှမြို့နယ်၌ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးပောာပြောပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်(၈)နာရီခွဲက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိမြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ရေစကြိုမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်၍ ရေဘေးရှောင်ပြည်သူများအား စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနေ မြေနိမ့်ပိုင်းများတွင် နေထိုင်သည့် အိမ်ထောင်စု(၁၂၅)စု ရေနစ်မြှုပ်မှုခံစားရပြီး ရေဘေးရှောင်စခန်းများတွင် နေထိုင်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက စားသုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။
Subscribe to