ကျွန်းလှမြို့နယ်၌ ရိုးပြတ်များအား ယူရီးယားနှင့် အီးအမ်အသုံးပြုပြီး ထယ်ထိုးမြေမြုပ်ခြင်း အသိပညာပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးရိုးပြတ်များအား ယူရီးယားနှင့် အီးအမ် အသုံးပြုပြီး ထယ်ထိုးမြေမြုပ်ခြင်း အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးသံချောင်း၏ နွေးစပါးရိုးပြတ်စိုက်ခင်း ၅ ဧက၌ ကျင်းပသည်။