ရွှေတောင် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်းရေဝင်ရောက်ရှိ၍ ခေတ္တယာယီစျေးပြောင်းရွှေ့ထားရှိကြောင်း သိရသည်။
ရွှေတောင်မြို့မစျေးအတွင်းရေဝင်ရောက်ရှိ၍ စျေးရောင်းစျေးဝယ်များ၊ ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသောက်နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးခင်ဇော်နှင့်ဝန်ထမ်းများက ရေဘေးလွတ်ရာ ကြာနီကန်ရပ်ကွက်၊ ကူကြီးလမ်းတွင် စျေးအင်္ဂါရပ်နှင့်အညီ ခေတ္တယာယီစျေးပြောင်းရွှေ့ထားရှိခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးဌာနရုံးမှ သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)