ပြည်မြို့အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုများအား နီးစပ်ရာဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့ထားရှိ

ပြည် ဇူလိုင် ၁၈

ပြည်မြို့အတွင်း ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်(၁)နာရီအချိန်ခန့်အထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ နဝင်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာအုပ်စု၊ ဇလုံကျေးရွာအုပ်စု၊ အနောက်လက္ခုပ္ပင်ကျေးရွာအုပ်စု၊ ငါးရွာကျေးရွာအုပ်စုများရှိ နေအိမ်များသို့ မြစ်ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ခြေ(၂၇၇၉)၊ အိမ်ထောင်စု(၂၇၇၉)၊ လူဦးရေ ကျား(၅၂၄၅)ဦး၊ မ(၆၀၈၈)ဦး၊ စုစုပေါင်း(၁၁၃၃၃)ဦးအနက်မှ နဝင်းရပ်ကွက်ရှိ အိမ်ခြေ (၁၄၃)၊ အိမ်ထောင်စု(၁၄၃)၊ ကျား(၂၉၁)ဦး၊ မ(၃၅၆)ဦး၊ စုစုပေါင်းအင်အား(၆၄၇)ဦးမှာ ရွှေပလ္လင်မှော်ဘုရား ဓမ္မာရုံတွင်ပြောင်းရွှေ့ထားရှိပါကြောင်း၊ နဝင်းရပ်ကွက်ရှိ အိမ်ခြေ(၁၈၄)၊ အိမ်ထောင်စု(၁၈၄)၊ ကျား(၃၉၄)ဦး၊ မ(၃၂၆)ဦး၊ စုစုပေါင်းအင်အား(၇၂၀)ဦးမှာ ဝါဆိုဘုန်းကြီးကျောင်းဓမ္မာရုံတွင် ပြောင်းရွှေ့ထားရှိကြောင်း၊ ပြည်သာယာရပ်ကွက်ရှိ အိမ်ခြေ(၆၂)၊ အိမ်ထောင်စု(၆၂)၊ ကျား(၁၀၇)ဦး၊ မ(၁၄၀)ဦး၊ စုစုပေါင်းအင်အား(၂၄၇)ဦးမှာ ရွှေမြရတနာဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ ကုန်းသာလင်းကျေးရွာအုပ်စုရှိ အိမ်ခြေ (၂၆)၊ အိမ်ထောင်စု(၂၆)၊ ကျား(၄၇)ဦး၊ မ(၅၃)ဦး၊ စုစုပေါင်းအင်အား(၁၀၀)ဦးမှာ သဲဖြူဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ထားရှိကြောင်း၊ အနောက်လက္ခုပ္ပင်အုပ်စုမှ အိမ်ခြေ (၄၈)၊ အိမ်ထောင်စု(၄၈)စု၊ ကျား (၁၀၁)၊ မ(၁၀၅)ဦး၊ စုစုပေါင်း(၂၀၆)ဦးမှာ စံကျောင်းကုန်းဘုရားဓမ္မာရုံတွင် ပြောင်းရွှေ့ထားရှိကြောင်း၊ ဇလုံကျေးရွာအုပ်စုရှိ အိမ်ခြေ(၂၄)၊ အိမ်ထောင်စု(၂၄)စု၊ ကျား(၄၅)၊ မ(၃၅)ဦး၊ စုစုပေါင်း(၈၀)ဦးတို့အား သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ၎င်းတို့၏နေထိုင်ရေးအဆင်ပြေစေရန်အတွက် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့ထားပြီးဖြစ်ကြောင်းနှင့် ကျန်အိမ်ခြေ၊ အိမ်ထောင်စုများအား ပြောင်းရွှေ့ပေးရန်လိုအပ်ပါက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများရှိဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီပြောင်းရွှေ့နေရာချထားပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)