ကျိုက်ထိုမြို့နယ်တွင် အခြေခံစားကုန်များ ဈေးကွက်အတွင်း ပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံစားကုန်များ ဈေးကွက်အတွင်း ပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ဈေးနှင့် မြို့မဈေးတို့တွင် သွားရောက်စစ်ဆေးခဲ့ကြသည်။

မိုင်းပျဉ်းမြို့ အ.ထ.က ကျောင်းတွင် မြတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် စတုတ္ထအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက အဆိုပါကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် (၁၀)နာရီက အ.လ.က(သဲဖြူကုန်း)ကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ညောင်တုန်းမြို့ အမှတ်(၃)ရပ်ကွက်၊ (၁၁)နှင့် (၁၂)လမ်းကြား ပန်းလှိုင်မြစ်ကမ်းထိန်းတာတွင် ရေအနည်းငယ် ယိုစိမ့်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ အမှတ်(၃)ရပ်ကွက်၊ (၁၁)နှင့် (၁၂)လမ်းကြား ပန်းလှိုင်မြစ်ကမ်းထိန်းတာတွင် ရေအနည်းငယ် ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ ယမန်နေ့ည ၇ နာရီခန့်က ခရိုင်ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ EE ဦးမြင့်အုန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးခိုင်နှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ညီညီ ဦးစီးရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး အောင်ရဲကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ သဲအိတ်များ၊ ကျောက်စရစ်များဖြင့် တားဆီးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်း၍(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့နယ်ထွက် ပတ္တမြားငမောက်သရက်သီးများ ပြည်တွင်းဒေသများသို့ တင်ပို့ရောင်းချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ထွက် ပတ္တမြားငမောက်သရက်သီးများ ပြည်တွင်းဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ ကံသာကြီးကျေးရွာ (အ.ထ.က) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ကျိုင်းတုံတက္ကသိုလ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အာဇာနည်နေ့အထိမ်အမှတ်အကြို အသိပညာပေးဟောပြောပွဲကို ကျိုင်းတုံတက္ကသိုလ် ခေမာရ်ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီ ကျင်းပသည်။

တောင်ငူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။

ဒေးဒရဲမြို့နယ် ထောင်မှူးချောင်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် (Biometric Data)များ ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ထောင်မှူးချောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to