ကန်ကြီးထောင့် မတ် ၂၆
ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision တို့ပူးပေါင်းဖွင့်လှစ်သည့် ပန်းအလှဆင်သင်တန်းနှင့် ဆံပင်၊ မိတ်ကပ်အလှပြင်သင်တန်းကို ယနေ့နံနက်က အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဦးလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် NGO အဖွဲ့များ စုစုပေါင်း (၃၅)ဦးတက်ရောက်ကြပြီး သင်တန်းဆရာ မိတ်ကပ်ဇင်ဇင်က “စားပွဲတင်ပန်းအိုးထိုးနည်း၊ အခမ်းအနားမှူး စာပွဲတင် ပန်းအိုးထိုးနည်း၊ အခမ်းအနားစတိတ်ပန်းအိုးထိုးနည်း၊ မင်္ဂလာအခမ်းအနားများတွင် အသုံးပြုသော လျှောက်လမ်းပန်းထိုးနည်း၊ အခမ်းအနားပွဲတက် ဆံပင်မိတ်ကပ်ပြင်ဆင်ပုံ၊ ပြင်ဆင်နည်းများ” အား သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)