ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရွှေကြက်ယက်အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၄ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်းနှင့် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။