ဖြူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးနိုင်ရေး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် လျာထားချက်ပြည့်မီရေးအတွက် စိုက်ပျိုးနည်းစနစ်မျိုးစုံဖြင့် စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ မိုးစပါးစိုက်ခင်းတွင်လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။