ရိတ်သိမ်းချွေလှေ့စက်မောင်းနှင် ပြုပြင် ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် အမှတ်စဉ် (၁/၂၀၂၄)ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)ခွဲနာရီက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၇) စက်မှုလယ်ယာစခန်း၊ ရေကြည်မြို့၌ကျင်းပခဲ့သည်။

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်၊ ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက၊ အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အာဇာနည်နေ့ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲတွင် နှစ်ပေပတ်လည်ရှိ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ ပုံတူဆီဆေးပန်းချီကားကြီးများနှင့် ၎င်းတို့၏ အထုပ္ပတ္တိများကိုရေးသားပြသထားပြီး၊ နံရံကပ်ဘုတ်ဖြင့် လူထုခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှတ်တမ်း ဓာတ်ပုံများကို ပြသထားရာ ကျောင်းသားကျောင်းသူလေးများနှင့် စာငှားပရိတ်သတ်များ၊ အများပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြသည်။

ညောင်တုန်းမြို့နယ်တွင်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မိတ္ထီလာ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆို ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ကျင်းပခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြ​ပွဲကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်ပြသဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အင်ပင်လှတွင် မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ အင်ပင်လှတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to