ရေတာရှည် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရွှေကြက်ယက်အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၄ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်းနှင့် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ရွှေကြက်ယက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်တင်တင်အေးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ကြေညာသည်။
ထို့နောက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အလှူရှင်များ၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေကြက်ယက်) ပညာရေးမိသားစုပဒေသာပင်တို့က ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)