ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာကျေးရွာတွင် ရေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မွှန်းညောင်သာကျေးရွာမှ ဧရာဝတီမြစ်ရေဝင်ရောက်၍ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျေးရွာရှိ ရေဘေးရှောင်စခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ် (၂၃)လုံးတို့အား ဘေးလွတ်ရာသို့ပြောင်းရွေ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ယမန်နေ့မွန်းလွဲ ၄ နာရီက ဘဝိုင်းကျေးရွာအုပ်စု၊ လက်ပန်တန်းကျေးရွာတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ရေနစ်မြုပ်သည့် နေအိမ်(၂၃)လုံးတို့အား တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ​ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ရိုးရာခြင်းလုံးကစားနည်းသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့စု (၃၀) နှင့် ယာဉ်ထိန်းတပ်ဖွဲ့စု (၁၂၁) တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ရိုးရာခြင်းလုံးကစားနည်းသရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။

ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြောင်းမြမြို့၌ Mobile Library Bus ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့နံနက်ပိုင်း အ.ထ.က ၄၊ မုဆိုးကွင်းကျေးရွာ၊ ကျိုက်ညီနောင်ကျေးရွားများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

ခေတ္တရေဘေးရှောင် ပြည်သူများအား စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမြင့်မူကြောင့် ​ယင်းတိုက်ကုန်းကျေးရွာအုပ်စု ရွာသာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ခေတ္တရေဘေးရှောင် စခန်းမှ ရေဘေးရှောင် ပြည်သူများအား စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။

လွိုင်လင်မြို့နယ်၊ ဝမ်လုံကျေးရွာနေပြည်သူများအား ကျေးရွာမြေငှါးဂရန်ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာနေပြည်သူများအား ကျေးရွာမြေငှါးဂရန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ကျင်းပသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများချီမြှင့်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ထုတ်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်စေရေးရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ကျိုက်မရောမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက(၅၆၀၁၂)လျာထားပြီး ဧကသုံးသောင်းကျော်စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေးအတွက် ၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်း လျာထားဧက(၅၆၀၁၂) စိုက်ပျိုးရန်လျာထားပြီး ဇွန်လကုန်အထိ မိုးစပါးစိုက်ပျိုးပြီးဧကမှာ မြေပြင်၌(၃၂၁၆၉)ဧကစိုက်ပျိုးပြီးစီး၍ ဒေသတွင်းရိက္ခာဖူလုံစေရေးအတွက် တောင်သူများက ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Subscribe to