မအူပင်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်း(၂၂)ကျောင်း ခေတ္တပိတ်ထားရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စု(၁၀)အုပ်စု၊ ကျေးရွာခွဲ(၁၈)ရွာမှ ကျောင်းပေါင်း(၂၂) ကျောင်း ယနေ့နံနက်ပိုင်းက ခေတ္တပိတ်ထားရသည်။

ရေဖြူ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီကအခြေခံပညာ အထက်တန်းကျောင်း၊ ရေဖြူ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဇူလိုင် ၂၂ ဝေဝေခိုင်(ပြန်/ဆက်)

ကော့သောင်းမြို့၌ လူကုန်ကူးမှုဥပဒေ၊ လူကုန်ကူးခံရသူ စိစစ်သတ်မှတ်ခြင်း၊ လွှဲပြောင်းညွှန်းပို့ခြင်းနှင့် အကူအညီပေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း)မှ ဖွင့်လှစ်သည့် လူကုန်ကူးမှုဥပဒေ၊ လူကုန်ကူးခံရသူ စိစစ်သတ်မှတ်ခြင်း၊ လွှဲပြောင်းညွှန်းပို့ခြင်းနှင့် အကူအညီပေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က‌ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ပုံမှန်ထုတ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ယနေ့နံနက် ၉ နာရီက ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ကလောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ကိုးရက်အတွင်း (၂) ဒသမ (၉၂) ပေခန့်ကျဆင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေ တိုင်းထွာချက်များ အရ ကိုးရက်အတွင်း (၂) ဒသမ (၉၂) ပေခန့်အထိ ကျဆင်းလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဝါဆိုဝါကပ်ပွဲ တိုင်းဒေသကြီးဝန်ကြီး တက်ရောက်ကြည်ညို

သန်လျင်ခရိုင်၊ သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက်ကြီးအတွင်း သီတင်းသုံးတော်မူကြသည့် ပဓာနနာယကဆရာတော်ကြီးအမှူးပြုသော စာချ၊ စာသင်သံဃာတော်(၁၁၀)ပါးတို့သည် ယမန်နေ့ ညနေ(၆)နာရီတွင် အဆိုပါကျောင်းတိုက်ရှိ အဂ္ဂမဟာရွှေမေတ္တာကျောင်းတော်ကြီးတွင် ဝါဆိုဝါကပ်တော်မူကြသည်။

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းဖွင့်ပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကော့သောင်းခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်း အမှတ်စဉ် (၄/၂၀၂၄)အား ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် ပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to