သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ပင်စင်လစာငွေများ ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျေးရွာစာကြည့်တိုက်များ တိုးချဲ့ပြင်ဆင်နေမှု သန်လျင်၌ ကြည့်ရှု့စစ်ဆေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)ရုံး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းသည် ဦးစီးအရာရှိ ဒေါ်အိအိမွန်၊ သန်လျင်မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်း(ဝင်းသီဟ-သန်လျင်)၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်တွင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ ဓမ္မရသစာကြည့်တိုက်၊ ကွမ်းခြံကုန်းကျေးရွာရှိ ပညာရင်ခွင်သာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်မှူးများ၊ ကော်မတီဝင်များအားတွေ့ဆုံ၍ ရေရှည်ရှင်သန်ခိုင်မာရေး စာဌား စာဖတ်သူ တိုးပွားရေးစည်းရုံးဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေးသည်။

ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်တွင် မိုးစပါး၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မင်းရပ်ကွက်၊ ယင်းနားကုန်းကျေးရွာ တောင်သူ ဦးမောင်လှ၏ (၂၆၀၈-ခ) ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သစ်ပင်များ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟောပြော

တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သစ်ပင်များ စိုက်ပျိုးခြင်း၏ အကျိုး ကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း နေမျိုးစည်သူခန်းမတွင် ကျင်းပကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စပါးစိုက်ခြင်းအတွင်း အသုံးပြုရန်အတွက် နှမ်းရိုးသဘာဝမြေဆွေး(မြေဩဇာ)များ လက်တွေ့ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဓာတုဓာတ်မြေဩဇာများအစား စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး၊ ဓာတုဓာတ်ကြွင်းကင်းသည့် ဆန်စပါးများထွက်ရှိစေရေးအတွက် ယနေ့နံနက်(၁၀)နာရီက သမန္တလင်းကျေးရွာအုပစုမှ တောင်သူဦးဇော်လင်းမောင် စိုက်ပျိုးထားသော စပါးစိုက်ခင်းများတွင် အသုံးပြုရန်အတွက် နှမ်းရိုးသဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ဝမ်အင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဝမ်အင်ကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေ၊ မျိုး၊ ပိုးရုံးဝန်းတွင် မြေဆီလွှာထိန်းသိမ်းရေး နည်းပညာပေးသင်တန်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေ၊ မျိုး၊ ပိုးရုံးဝန်းတွင် မြေဆီလွှာထိန်းသိမ်းရေး နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများသို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (စုပေါင်းရုံး) သို့ သွားရောက်ငှားရမ်းပေးသည်။

ဂန့်ဂေါမြို့၌ ဈေးကွက်အတွင်း ပစ္စည်းများ လိုအပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိတို့ကို ယနေ့နံနက် ၈ နာရီက ဂန့်ဂေါမြို့ စည်ပင်သာယာဈေးသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
Subscribe to