ပခုက္ကူ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေ တိုင်းထွာချက်များအရ ကိုးရက်အတွင်း (၂) ဒသမ (၉၂) ပေခန့်အထိ ကျဆင်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ (၂၂) ရက်နေ့ နံနက် (၆) နာရီခွဲ တိုင်းထွာချက်အရ (၂၁၉၁) စင်တီမီတာ (၇၁.၈၈) ပေရှိပြီး ဇူလိုင်လ (၁၄) ရက်နေ့တွင် ရောက်ရှိခဲ့သည့် (၂၂၈၂) စင်တီမီတာ (၇၄.၈) ပေထက် (၂) ဒသမ (၉၂) ပေခန့်ကျဆင်းလျက် ရှိကြောင်း၊ ပခုက္ကူမြို့နယ်တွင် နောက်တစ်ရက်တစ်ရက်အတွင်း ဧရာဝတီမြစ်ရေဆက်လက် ကျဆင်းနိုင်ပြီး မြစ်ကမ်းဘေးနေ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။
ဘာမီသာ(ပခုက္ကူ)